Wednesday, July 1, 2009

H1N1 တုပ်ကွေးနှင့် ကွန်ပျူတာကီးဘုတ်

ကျွန်တော်သင်္ကြန်မတိုင်ခင်က ဖတ်လိုက်ရတဲ့ သတင်းလေးတစ်ပုဒ်ကို ကျန်းမာရေး ဗဟုသုတအဖြစ် တင်ပြချင်ပါတယ်။ ဂျာနယ်မှာဖတ်လိုက်ရတာလား ၊ မဂ္ဂဇင်းမှာဖတ်

လိုက်ရတာလား မသိတော့ပါဘူး ။ ဒီသတင်းဟာ ကွန်ပျူတာနှင့်နေ့စဉ်ထိတွေ့နေ

တဲ့ လူငယ်များ အထူးလိုက်နာသင့်တဲ့ အချက်များပါဝင်ပါတယ်။ အိမ်သာ

(အနောက်တိုင်းသားများတက်သော အိမ်သာပုံစံ) တက်တဲ့အခါမှာ အိမ်သာရဲ့ဘေး

နှုတ်ခမ်းသားတစ်ဝှိုက်မှာ မျက်စိဖြင့်မမြင်ရသော ဘက်တီးရီးယားပိုးမြောက်များစွာ

တွေ့ရှိရတတ်ပါတယ်။ ယခုနောက်ဆုံးတွေ့ရှိရတဲ့ တွေ့ရှိချက်ကတော့အလွန် ကြောက်စရာကောင်းပါတယ် ။ ကွန်ပျူတာရဲ့ ကီးဘုတ်ပေါ်မှာ တွေ့ရှိရတဲ့ ဘက်တီး

ရီးယားပိုးမွှားပေါင်းဟာ အိမ်သာရဲ့နှုတ်ခမ်းသားတစ်ဝှိုက်မှာ တွေ့ရှိရတဲ့ ဘက်တီး

ရီးယားပိုးမွှားပေါင်းထက် နှစ်ဆပိုများပါသတဲ့။ ဒီသတင်းဖတ်မိတုန်းကကျွန်တော်

လည်း အမှုမဲ့ အမှတ်မဲ့ပါ ။ ဒါပေမယ့် ယနေ့ ကမ္ဘာကြီးမှာ တုပ်ကွေးရောပါကပ်ဟာ

နံပါတ်(၆) အဆင့်ထိရောက်နေပြီဟု (WHO) အဖွဲ့ကကြေငြာရ သည်အထိပြင်းထန်

နေတာကို အားလုံးသိပြီးဖြစ်ပါလိမ့်မယ် ။ ကျွန်တော် တစ်ခုစဉ်းစားမိတာက လူများ

ဟာ ရောဂါပိုးမ၀င်ရောက်စေရန် အတွက် နှာခေါင်းစည်းကို စည်းပင်စည်းထားသော်

ငြားလည်း အများသုံးအင်တာနက် ဆိုင်များမှပြန်လာတဲ့အခါတိုင်း လက်ကိုစင်ကြယ်

အောင်ဆပ်ပြာနှင့် ဆေးရမှာကို မေ့လျော့နိုင်ပါတယ်။ ထို မဆေးဘဲ ထားတဲ့လက်နှင့်

ကော်ဖီ ခွက်ကိုကိုင်တွယ်ခြင်း ၊ အခြားစားသောစရာများကိုကိုင်တွယ်ရာမှ ရောဂါများ

အလွယ်တကူဝင် ရောက်နိုင်ပါတယ် ။ သုတေသနပြုချက်အရ ကွန်ပျူတာကီးဘုတ်

ဟုသာဖော်ပြထားပြီး အင်တာနက်ဆိုင်မှ ကီးဘုတ် ၊ တစ်ဦးချင်းကိုင်သောကီးဘုတ်

ဟုဖော်ပြမထားပါ ။ မြတ်စွာဘုရားရှင်က အသက်ကိုဥာဏ်စောင့် လို့ ဟောပြောခဲ့ပါ

တယ် ။ မိမိသိရှိထားတဲ့ ဗဟုသုတအသိဥာဏ်ကို စဉ်စားဆင်ခြင် ပြီးအသုံးချနေထိုင်

နိုင်ကာမှ သက်တမ်းစေ့ ရှင်သန်နေထိုင်ပြီး လောကီ ၊ လောကုတ္တရာ ကိစ္စများစွာကို

အောင်မြင်စွာ ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ ထိုကြောင့် ကွန်ပျူတာနှင့် ဆက်နွှယ်

ပြီး အလုပ်လုပ်ကိုင်နေကြသော ၊ အသုံးပြုနေကြသော သူအားလုံးကိုတိုက်တွန်းချင်

ပါတယ်။ ကွန်ပျူတာအသုံးပြုပြီးတိုင်း လက်ကိုဆပ်ပြာနှင့် စင်ကြယ်အောင်ဆေးပါလို့။



အားလုံးကျန်းမာ ရွှင်လန်းစွာဖြင့် လူ့သက်တမ်းစေ့ နေထိုင်နိုင်ကြပါစေကြောင်းဆု

တောင်းလျှက်………..။

No comments: